ကြံခင်းမြို့နယ် ဆုံလဲအုပ်စု ပေါက်တိုင်းကျေးရွာရှိ တုမရရွှေသာလျောင်းမြတ်စွာဘုရားပွဲတော် (၁၂၄)ကြိမ်မြောက်ကျင်းပသွားမည်

ကြံခင်း  ဇန်နဝါရီ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဆုံလဲအုပ်စု ပေါက်တိုင်းကျေးရွာရှိ တုမရရွှေသာလျောင်းမြတ်စွာဘုရားပွဲတော် (၁၂၄)ကြိမ်မြောက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပေါက်တိုင်းကျေးရွာရှိအတုမရရွှေသာလျောင်းဘုရားပွဲကို ပြာသိုလဆန်း(၁၂)ရက်နေ့ တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ပြာသိုလဆန်း(၁၃)ရက်နေ့ နံနက်(၇)နာရီ အချိန်တွင် အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကျင်းပပြီး ပြာသိုလဆန်း(၁၄)ရက်နေ့နံနက်တွင် ပဋ္ဌာန်းသိမ်းပွဲနှင့် ဘုရားကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကျင်းပပြီးနောက်ညပိုင်းတွင် (တေးရေး/တေးဆို) သုခဒွန်းဦးဆောင်သော မြန်မာမှုအက အလှနှင့်ဂီတဖျော်ဖြေပွဲဖြင့်ဖျော်ဖြေပြီး ပြာသိုလပြည့်(၁၅)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ရောင်ခြည်တော်ဖွင့်ခြင်း အခမ်းအနားနှင့် တုမရရွှေသာလျောင်းဘုရားကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကျင်းပသွားမှာဖြစ်ကြောင်း ဘုရားအကျိုးတော်ဆောင် ဦးကျော်ဒွန်းထံက သိရသည်။

ကြံခင်းမြို့နယ်  ဆုံလဲအုပ်စု၊ပေါက်တိုင်းကျေးရွာတွင် သမိုင်းဝင်အံ့ဖွယ်တော်ကိုးပါးဖြစ်သော ဗုဒ္ဓမြတ်စွယ်တော်၊  မဟာဗောဓိပင်၊ တုမရရွှေသာလျောင်း၊  ဗုဒ္ဓစွယ်တော်တိုက်၊ မင်္ဂလာကန်တော်၊ မုနိရတနာပုံစေတီတော်၊ ဓမ္မသုန္ဒရမင်းရုပ်ထုတော်၊ ဗုဒ္ဓခြေတော်ရာ၊ တောင်တော်ဦးစေတီတော်များကိုရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများကြည်ညိုသဒ္ဓါပွားနိုင်ရန် အသံချဲ့စက်များနှင့် အံ့ဖွယ်ကိုးပါးလက်ကမ်းစာစောင်များ ကုသိုလ်ယူဝေငှအသိပေး နှိုးဆော်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)