ဖျာပုံမြို့နယ်တွင် (၇၅) နှစ်မြောက ်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအလွတ်တန်းဖိတ်​ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ဖျာပုံ ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ ကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအလွတ်တန်းဖိတ်​ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီလ (၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ပြည်သူ့အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား အလွတ်တန်းဖိတ်​ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (ဖျာပုံ၊ ကျိုက်လတ်၊ မအူပင်) မြို့နယ်တို့ရှိ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲဝင် အသင်း (၉) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြရာ၊ အုပ်စုပတ်လည်စနစ်ဖြင့် ပထမပွဲစဉ်တွင် မအူပင်အသင်းနှင့် ကျောင်းကြီးအသင်း၊ ဒုတိယပွဲစဉ်တွင် ပိန်သေးအသင်းနှင့် (၁၂) လူငယ်အသင်း၊ တတိယပွဲစဉ်တွင် ကျိုက်လတ်အသင်းနှင့် (၁၄) သားအသင်း၊ စတုတ္တပွဲစဉ်တွင် စိန်မင်္ဂလာအသင်းနှင့် အန့်ကူအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)