ပခုက္ကူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အကြိုအဖြစ် Sticker Campaign လှုပ်ရှားမှုကို ယနေ့ နံနက် ၈နာရီအချိန်က ပြုလုပ်ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးယုနိုင်၏ ဦးဆောင်မှုဖြင့် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇေယျာလင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ရဲထွန်းမြတ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဧရာဝတီတံတား (ပခုက္ကူ)လမ်း၊ မြို့မလမ်းနှင့်မြို့ရှောင်လမ်းဆုံ၊ ဧရာဝတီတံတား(ပခုက္ကူ)စစ်ဆေးရေးဂိတ်၊ မြိုင်လမ်းနှင့် မြို့ရှောင်လမ်းဆုံ၊ ပခုက္ကူတက္ကသိုလ်လမ်းဆုံ၊ မြို့ရှောင်လမ်းနှင့်ရေစကြိုလမ်းဆုံ၊ မြို့မလမ်းနှင့် ထင်းတန်းလမ်းဆုံ၊ ကားကြီးကွင်းရှေ့နေရာတို့တွင် ဖြတ်သန်းသွားလာနေသော အဝေးပြေး မော်တော် ယာဉ်လိုင်းများနှင့် မော်တော်ယာဉ်များရှေ့ရှိ မြင်သာသည့်နေရာများ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတေကာ(Sticker) ၂၄၀၀စောင်တို့ကို ကပ်ပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)