ပိုင်ကျုံ ဇန်နဝါရီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အ.လ.က.ဝင်းကမော့ကျောင်း၌ ၂၀၂၃ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ကဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.လ.ကဝင်းကမော့ကျောက်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်သန်းအေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ဟောပြောပွဲဆောင် ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်၊ လွတ်လပ်ရေးရရှိရေးအတွက် မျိုးချစ်ခေါင်းဆောင်များတို့၏ ကြိုးပမ်းအားထုတ်ပုံနှင်လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများအား ဟောပြောခဲ့ သည်။
ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများတို့က ဒေသနပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်ပြီး အခြေခံပညာကျောင်းများသို့ အသိညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူးခူး(ပြန်/ဆက်)