ကန့်ဘလူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကန့်ဘလူ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီခွဲက အထက( ၂)ကျောင်း၌ ဖြန့်ဝေခဲ့ ကြောင်းသိရသည်။

အဆိုပါ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေခြင်းဖြစ်ပြီး ယင်းလက်ကမ်း စာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းကော်နုတ်ချက်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်းများစသည့် အကြောင်းအရာများပါဝင်ပြီး ကျောင်းသား ကျောင်းသူ ကလေးငယ်များ လွတ်လပ်ရေးနေ့ကို မမေ့လျော့စေရန်နှင့် လေ့လာသိရှိနိုင်စေရန် ရည်ရွယ်ကာ ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)