ငပုတောမြို့၌ (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့်  အားကစားပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကျင်းပ

ငပုတော ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်ရေး​နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်ကွက်/ကျေးရွာ၊ ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်​ဘောလုံးပြိုင်ပွဲနှင့် ပိုက်​ကျော်ခြင်း အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီ အချိန်ကမြို့နယ် ပမ္မဝတီပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့​သည်။

အဆိုပါ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အသင်းများမှ အားကစား သစ္စာအဓိဌာန် ရွတ်ဆို၍ အလေးပြုကြသည်။ ထို့​နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားသမားများသည် ခေတ်ကို မျက်ချေမပြတ်စေရန် အားကစားသမားစိတ်ဓာတ်ပီပီ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့်၊ စည်းကမ်း ပြည့်ဝပြီး အရည်အချင်းရှိသော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေး တို့အတွက် အားကစား ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင် အသင်းများအား လိုက်လံ နှုတ်ဆက်ကာ ဖွင့်ပွဲ ပထမပွဲစဉ်အဖြစ် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင်  Ngaputaw City အသင်းနှင့် Ngaputaw Fc အသင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ငပုတောမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်  ​ စာစီစာကုံးပြိုင်ပွဲ များ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့် နံရံကပ်စာစောင် ပြိုင်ပွဲများနှင့်ရပ်ကွက်၊ ကျေးရွာ အုပ်စုများတွင်လည်း အားကစား ပြိုင်ပွဲများ  ကျင်းပ​ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ (ငပု​တော၊ပြန်/ဆက်)