(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်

ခန္တီး ဇန်နဝါရီ ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူ အသိပညာ ပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ ကျောင်းသား/သူများ၊ လူငယ်ကလေးများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းကြို ကလေးငယ်များအား ဆေးရောင်ခြယ် ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင် ပြန်/ဆက်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)