ကရသူရိမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂိမ်းကစားပြိုင်ပွဲကျင်းပ

ကရသူရိ ဇန်နဝါရီ  ၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/သူများ ဂိမ်းကစားပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရ သည်။

ထိုသို့ဆောင်ရွက်ခြင်းသည် ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်ရေးနှင့် အတွေးအခေါ်ဆိုင်ရာ ဖြတ်ထိုးမှုကောင်းမွန်ရေးအတွက် (Chess)ကစားနည်းနှင့် စိတ်ကူးပုံဖော် ဖန်တီးနိုင်ရေး(အိမ်ဆောက်)ကစားနည်းပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ရာ ကျောင်းသား/ကလေးငယ်များက ပြိုင်ပွဲကို ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြုလုပ်ခြင်းသည်၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/သူများနှင့် စာဖတ်ဝါသနာရှင်ကလေးများ အသိပညာဗဟုသုတရရှိရေး ဆောင်ရွက်ခြင်းဖြစ်ပြီး အနိုင်ရရှိသူများကို ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။

ကရသူရိပြန်/ဆက်