ကျွန်းလှမြို့နယ်၌ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၅၀ ရာခိုင်နှုန်းပြီးစီး

ကျွန်းလှ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အထက (ကျွန်းလှ)၌ နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုနှစ်ထပ်ကျောင်းဆောင်သစ် အလျား ၁၂၀ ပေ၊ အမြင့် ၃၀ ပေ၊ Steel Structure ကို ၂၀၂၂-၂၀၂‌၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၂ သန်းဖြင့် မြကျွန်းပြည်သာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ရာ ၅၀ ရာခိုင်နှုန်းပြီးကြောင်း၊ အဆောက်အဦပြီးစီးရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်သစ် တည်ဆောက်ခြင်းကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလ အတွင်း ပြီးစီးရေး သက်ဆိုင်ရာ တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

မျိုးဝင်းညို ကျွန်းလှ