ဒိုက်ဦးမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချယ်ရီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒိုက်ဦး ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် ၂ ကုန်သည်ရပ်ကွက်၊ ချယ်ရီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်နေပြည်သူ များတက်ရောက်ခဲ့သည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွဋ်မြင့်က ကွန်ကရစ်လမ်းသစ်နှင့် ပတ်သက်သည့်အချက်အလက်များအား ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ အထိမ်းအမှတ်အလံများ ပေးအပ်ခြင်းအခမ်းအနားပြုလုပ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ အဖွဲ့ဝင် ဦးတင်ထွဋ်မြင့် နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးတို့က ချယ်ရီလမ်းကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ချယ်ရီလမ်း ကွန်ကရစ်လမ်းသစ်၏ အရှည်မှာ ပေ ၅၂၄ ပေ၊ အကျယ် ၁၂ပေ ထု ၈လက်မဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲရန်ပုံငွေ (၂၂.၈၇)သန်း လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အဆိုပါ ချယ်ရီလမ်းကိုမြို့ပေါ် ၉ ရပ်ကွက်က ပြည်သူများ၊  စီးပွားရေး၊ လူမှုရေး ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများတွင် အသုံးပြုရာတွင် ပြည်သူများ သွားလာရအဆင်ပြေလွယ်ကူ‌ချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)