ကျွန်းလှ ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီက ကြီးမှူးကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် (၂၅) နှစ်အောက် Myanmar Fitness Dance ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက လူငယ်လူရွယ်များ အားကစားကို လေ့ကျင့်လိုက်စားကြစေရန်၊ အချင်းချင်းရင်းနှီးမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ Myanmar Fitness Dance ပြိုင်ပွဲကျင်းပခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဌာန် ရွတ်ဆိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး မိတ်ဆက်ကြ၍ ပြိုင်ပွဲအား စတင်ကျင်းပသည်။
အဆိုပါ Myanmar Fitness Dance ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် အသင်း (၉) သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ၊ ပြည်သူများ ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)