မြောင်းမြ ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဒေသသုတေသနဗဟိုဌာန၌ အာရှဒေသစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFACI)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)တို့ ပူးပေါင်းဆောင်ရွက်သော အခြေခံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း နှီးနှောဖလှယ်ခြင်းနှင့် ဆွေးနွေးပွဲအခမ်းအနားအား ယနေ့နံနက် ၈နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်သိန်းညွန့်က အမှာစကားပြောကြားပြီး ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)မှ သုတေသနအရာရှိ ဒေါ်ဖြူပြာလွင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပါသည်။
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွန့်က စိုက်ပျိုးပင်များတွင် ကျရောက်တတ်သော ဘက်စုံပိုးမွှားကာကွယ်နှိမ်နှင်းနည်းများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီဝင်းက သီးနှံပင်များ ဘက်စုံရောဂါကာကွယ်နှိမ်နှင်းနည်းများကိုလည်းကောင်း သင်တန်းပို့ချဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒေသသုတေသန ဗဟိုဌာန(မြောင်းမြ)မှ ဝန်ထမ်းများနှင့် ကျေးလက်နေ တောင်သူလယ်သမားများအပါအဝင် စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ ဆက်)