ငရုတ်ကောင်း ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့်ကျေးရွာအုပ်စုများအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ငရုတ်ကောင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူးဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်းမှဗိုလ်ကြီးမြတ်သန်းထွန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဒေသခံပြည်သူများလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ မြို့တွင်းလမ်းများသန့်ရှင်းသာယာလှပရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းစနစ်တကျလိုက်နာရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးချတ်မီးကပ်များတပ်ဆင်ရေး၊ မိမိတို့နေအိမ်အလိုက်သန့်ရှင်းရေး၊ Clean City၊ Green City၊ Smart City ဖြစ်အောင်ပူးပေါင်းဆောင်ရွက်ကြစေရေး၊ သွေးတိုးနှင့်ဆီးချိုရောဂါဖြစ်ပွားပုံများ၊ လမ်းကျူးကျော်ကိစ္စရပ်များ၊ မြေပြင်လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှသိရှိလိုသည်များကို တင်ပြကြပြီး သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)