ဝါးခယ်မ ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစွမ်းထက်၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာလ နောက်ဆုံးပတ်လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ရွာနေပြည်သူများ စုစုပေါင်းအင်အား(၅၂၀)ဦးခန့်မှ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲအဖြစ် စုပေါင်းလမ်းလျှောက်ကြရာ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ကမ်းနားလမ်းမှစတင်၍ မြူရုံးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြသပေးသော ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ပဟေဠိဉာဏ်စမ်းမေးခွန်းများမေး၍ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
ဝါးခယ်မ(ပြန်/ဆက်)