မင်းလှ ဒီဇင်ဘာ ၃၁
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနက ဦးဆောင်ကျင်းပသည့် မီနီမာရသွန်အပြေးပြိုင်ပွဲကို ယနေ့ နံနက် ၆ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မီနီမာရသွန်အပြေးပြိုင်ပွဲကို အမှတ် (၅)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပိုင်ရုံးဝန်းဟောင်း နေရာ၌ စုရပ်ပြုလုပ်၍ မြို့နယ်အောင်တံခွန်အားကစားကွင်းသို့ မီနီမာရသွန် အပြေးပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ရာ အားကစားကို စိတ်ဝင်စားကြသည့် လူငယ်လူရွယ် (၁၀၀)ဦး ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးဝင်းပိုင်နှင့် တာဝန်ရှိသူ များက မီနီမာရသွန်အပြေးပြိုင်ပွဲတွင် ပထမဆု(၅၀၀၀၀)၊ ဒုတိယဆု(၃၀၀၀၀)၊ တတိယဆု(၂၀၀၀၀)နှင့် နှစ်သိမ့်ဆု (၇)ဆု (၁၀၀၀၀)စီ ရရှိသူများကိုဆုများချီးမြှင့် ပေးအပ်ခဲ့ကြ သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မင်းလှမြို့ အောင်တံခွန်အား ကစားကွင်း၌ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ စစ်တုရင်၊ ခေါင်းအုံးရိုက်၊ ချောတိုင်တတ်၊ ကြက်တောင်၊ စားပွဲတင် တင်းနစ် စသည့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး၍ ဆုများအသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)