ဖလမ်းမြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ် ပြိုင်ပွဲ၊ ကြက်တောင်ရိုက် ပြိုင်ပွဲနှင့် ဘော်လီ‌ဘောပြိုင်ပွဲများကျင်းပ

ဖလမ်း ဒီဇင်ဘာ ၃၁

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျား/မ နှစ်ယောက်တွဲ (စိတ်ကြိုက်တွဲ) စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကျား/မနှစ်ယောက်တွဲ ကြက်တောင် ရိုက်ပြိုင်ပွဲနှင့် ဘော်လီဘော ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်၊ နံနက် ၉ နာရီစတင်၍ ဖလမ်းမြို့၊ မြို့နယ်အားကစားရုံတွင် ယှဉ်ပြိုင်ကစား လျက်ရှိကြောင်း သိရသည်။

စားပွဲတင်တင်းနစ်ကျားမနှစ်ယောက်တွဲ (စိတ်ကြိုက်တွဲ) ပြိုင်ပွဲတွင်(၂၀)တွဲ၊ စားပွဲတင်တင်းနစ် တစ်ဦးချင်း ပြိုင်ပွဲတွင် (၂၄)ဦး၊ ကျား/မ နှစ်ယောက်တွဲကြက်တောင်ရိုက်ပြိုင်ပွဲတွင် (၈)တွဲနှင့် ဘော်လီဘောပြိုင်ပွဲတွင် ကျား(၈)သင်း၊ မ(၅)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အားစကားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး ပြိုင်ပွဲ၌ ဆုရရှိသူများကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲမြင့်အောင်