သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများ အပတ်စဉ် လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သာပေါင်း ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ် လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂)ဦး ကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပတ်စဉ် လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးဂရုစိုက်ဆောင်ရွက်ရန်၊ ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်သတင်းပို့ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးသည့် သွင်းအားစုများ ရယူမည့် တောင်သူများ စာချုပ်ချုပ် ဆိုရန်၊ နေကြာလျာထားချက် ဧကပြည့်မီရေး ဆောင်ရွက်ရန်၊ ထင်းမီးသွေးအစားထိုး လောင်စာတောင့် ပြုလုပ်သုံးစွဲရန်၊ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်၊ မြေပြင်လူဦးရေကွင်းဆင်းကောက်ယူရေး အတွက် ဖွဲ့စည်းထားသည့် အဖွဲ့များဖြင့် စနစ်တကျ မှန်ကန်မြန်ဆန်အောင် ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ရန်တို့ကို ဆွေးနွေး မှာကြားပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပြန်လည်ဆွေးနွေးတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်