ပေါက်ခေါင်း ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁)ရပ်ကွက်၊ အောင်ရတနာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးရှေ့တွင် ကျင်းပသည်။
အခမ်းအနားတွင် ဦးစွာပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးမင်းမင်းက အဖွင့်အမှာစကားနှင့်(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်ရတနာကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီပင်သာယာရေးအဖွဲ့တာဝန်ခံအင်ဂျင်နီယာ ဦးမင်းသူရက ကွန်ကရစ်လမ်းနှင့်ပက်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားကာ ရပ်ကွက်နေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက်ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မျိုးမင်းမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ အတွင်းရေးမှူးရဲမှူး ကိုကိုနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမင်းအောင်နှင့် A.M Angel Moon ကုမ္ပဏီမှမန်နေးဂျင်းဒါရိုက်တာ ဒေါ်ထီလာမို့မို့ကြိုင်တို့က အောင်ရတနာကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွ ၆၅ ဒဿမ ၆၄၅ ကျပ်သန်းဖြင့် A.M Angel Moon ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အရှည် ၁၃၂၀ ပေ၊ အကျယ် ၁၂ ပေ၊ထု ၈ လက်မရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)