မဲဇလီကုန်းမြို့တွင် နိုင်ငံ့စီးပွှားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစု ပေးအပ်ပွဲပြုလုပ်

အင်္ဂပူ ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ပြည့်စုံချမ်းသာပွဲရုံတွင် ယမန်နေ့နေ့လည်ပိုင်းက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ ပေးအပ်ပွဲပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်မှ သွင်းအားစုများ ပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ပြည့်စုံချမ်းသာလုပ်ငန်းရှင် ဦးအောင်ဇော်ဝင်းမှ နိုင်ငံ့စီပွှားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်‌ ပေးအပ်သောသွင်းအားစုများကို တောင်သူများအား ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မဲဇလီကုန်းမြို့အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊‌ တောင်သူများ တက်ရောက်ခဲ့ပြီးအင်္ဂပူမြို့နယ်အတွင်းရှိ နွေစပါးဧက (၆၇၀၀)အတွက် သွင်းအားစုများ ဖြစ်သော(ယူရီးယားနှင့်ကွန်ပေါင်းမြေဩဇာ) များပေးအပ်ခဲ့ကြောင်းမြို့နယ်စို က်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)