ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ရွှေဘို ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် နေ့သင်တန်းများအတွက် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန် အဆိုပါတက္ကသိုလ်ရှိ  ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားရာတွင် ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို လျှောက်လှမ်းရာတွင် ပညာရေးတိုးတက်မြင့်မားမှုသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေသည်ကို မောင်မယ်လူငယ်များ သိရှိရမည်ဖြစ်ကြောင်း၊  အတက်ပညာ၊ အသိပညာ၊ ဗဟုသုတများနှင့် ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းနေပျော်၍ စာတော်သောအရည်အချင်း ကောင်းမွန်သူများဖြစ်စေရန် မိမိကိုယ်ကိုမိမိ လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာတင်တင်ရီ၊ ဝိဇ္ဇာဘာသာရပ်များကိုယ်စား မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာချိုချိုသန်း၊ သိပ္ပံဘာသာရပ်များကိုယ်စား သင်္ချာဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာသိန်းထွန်း၊ စီမံ/ဘဏ္ဍာမှ ဌာနမှူးဒေါ်တင်တင်ဝင်း၊ စာမေးပွဲနှင့် ဘွဲ့နှင်းဌာနမှ(မော်ကွန်းထိန်း) ဒေါ်တင်တင်အေး၊ ကျောင်းသားရေးရာဌာနမှ (မော်ကွန်းထိန်း) ဒေါ်နန်းဇာဇာအေးတို့က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းနားသို့ တက်ရောက်လာကြသောခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦမျိုးဦးနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ မော်ကွန်းထိန်းများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)