ဘားအံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၇၅၀)စောင်အား အခမဲ့ ဖြန့်ဝေ

ဘားအံ  ဒီဇင်ဘာ ၂၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ ထုတ်ဝေသည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ်အတွင်းရှိ  အမှတ်(၂)၊ အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ-အုန်းတပင်) ကျောင်းများရှိ  ကျောင်းသား/သူများထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည့် လွတ်လပ်ရေးမိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     (၄-၁-၂၀၂၂)ရက်နေ့ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှကောက် နှုတ်ချက်၊ မြင်းမူမောင်နိုင်မိုးရေးသည့် “လွတ်လပ်ရေးပန်းမို့မနွမ်းစေချင်” ကဗျာ၊ စည်းလုံးညီညွတ်မှုကို တည် ဆောက်၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ဆောင်းပါးများ၊ လွတ်လပ်ရေးကို ကာကွယ်ပါ၊  အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါ၊ ပြည်ထောင်စုအမွေအမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်စို့ ဆောင်ပုဒ်များနှင့် ကာတွန်းဆရာလှထွဋ်ဦး၏ တစ်ကွက်ကာတွန်း စသည့်အချက်များကို ရောင်စုံစက္ကူဖြင့် စိတ်ဝင်စားဖွယ် ဖော်ပြပါရှိကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဘားအံမြို့နယ်အတွင်းရှိ တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် စောင်ရေ (၇၅၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)