အောင်လံမြို့၌ သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်

အောင်လံ စက်တင်ဘာလ ၂၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် မီးသတ်ဦးစီးဌာနသည် ဒေသတွင်း မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးနှင့် ငလျင်ဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်း ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ကိရိယာများဖြင့် လက်တွေ့ လေ့ကျင့်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်မီးသတ်ရုံးရှေ့၌ ဆောင်ရွက်သည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းနှင့် ဒုဦးစီးမှူး ဦးထွန်းထွန်းဇော်တို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ကူညီကယ်ဆယ်ရေးရေယာဉ်၊ ကူညီကယ်ဆယ်ရေး ကိရိယာများ ကို အသုံးပြုလျက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေး အတွက် အသင်းစုဖွဲ့ လေ့ကျင့်နည်းများဖြင့် သရုပ်ပြ လေ့ကျင့်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)