ပင်လည်ဘူးမြို့၌ မြို့နယ်သံဃနာယကအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ​ကော်မတီသို့ ငွေကျပ် (၁၀) သိန်းနှင့် ကျန်းမာရေး လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်း

ပင်လည်ဘူး စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်သံဃနာယကအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး ​ကော်မတီသို့ ကျန်းမာ​ရေးဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုရန် ​ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းများ လှူဒါန်း‌ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ပင်လည်ဘူးမြို့ ရွှေကျောင်းပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်​သော နှာခေါင်းစည်း Mask (၁၅၀၀)၊ လက်အိတ်အစုံ (၂၅၀) နှင့် Hand Gel (၁၀) ဗူးတို့ကို မြု့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝဏ္ဏိတဗုဒ္ဓိနှင့် သံဃာတော်အရှင်သူမြတ်များကိုယ်စား မြို့မိ၊ မြို့ဖ ဦးတင်ဦးက အဆိုပါ ပစ္စည်းများအား ပေးအပ်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသက်နောင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးမြစိန်တို့ က လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)