မြို့သစ်မြို့နယ်တွင်စိုက်ပျိုးသည့်"ဂွေး"ပင်များ အောင်မြင်ဖြစ်ထွန်း

မြို့သစ်  ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများသည် မြေအောက်ရေ ၊ဆည်ရေများဖြင့် သီးနှံများကို နွေ၊မိုး၊ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးကြရာ ဒေသထွက်"ဂွေး"ပင်များစိုက်ပျိုးခြင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဂွေးပျိုးပင်တစ်ပင်ကို (၂၅၀၀)ကျပ်ခန့် ပေးဝယ်ရပါတယ်၊ ဟိုးအရင်ကတော့ ဆည်ပေါက်ကို တဆင့်မှာ ယူရတာ၊ အခုတော့မြို့သစ်မြို့စည်ပင်သာယာစျေးကြီးအတွင်း ပျိုးပင်မျိုးစုံကို လာရောက်ရောင်းချပေးတယ်၊ ပျိုးပင်ဝယ်ရတာ အဆင်ပြေသွားတာပေါ့”ဟု မြို့သစ်မြို့နယ်မှ စိုက်ပျိုးရေးဝါသနာပါသူတစ်ဦးကပြောသည်။

မြို့သစ်မြို့နယ်မှ စိုက်ပျိုးသည့် "ဂွေး"သီးပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး "ဂွေး"သီး ဆယ်လုံးကို ငါးရာကျပ်ဖြင့်ရောင်းချရကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)