ထီးချိုင့်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

ထီးချိုင့် ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ထီးချိုင့်မြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းတွင် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ လွတ်လပ်ရေး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်၊ လွတ်လပ်ရေးပန်းမို့မနွမ်းစေချင်၊ နိုင်ငံသားအားလုံးတွင် အပြည့်အဝ တာဝန်ရှိ စသည့်အကြောင်းအရာများပါသည့် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)