ဂန့်ဂေါ စက်တင်ဘာ ၂၃
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ၏ ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရုံးပိတ်ရက် ကာလ ၁၉ ရက်အတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့က ဂန့်ဂေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများရှိ အငယ်တန်းစာရေး ၇၄ ဦးတို့ထံ တစ်ဦး လျှင် တစ်ရက်အတွက် ငွေကျပ် ၄၈၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၆၇၄၈၈၀၀ အား ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း