သံတောင်ကြီး၊ စက်တင်ဘာ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စက်တင်ဘာလ (၉) ရက်နေ့မှစ၍ ယာယီပိတ်ထားပြီး Online မှတစ်ဆင့် အသိညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြခြင်းအစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရိုက်ကူးရာတွင် နော်ဝင်းပပဝေ (ကျောင်းသူ) မှ ဘွဲကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှရေးသား ပြုစုသည့် ဝိုင်းလုပ်ဝိုင်းကူကြပါစို့ ရုပ်ပြပုံပြင်စာအုပ်အား သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် Online မှ ထုတ်လွှင့်ပြသရန်နိုင်အတွက် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက် ယာယီပိတ်ထားသည့်အချိန်တွင် ပြည်သူများ၊ ကလေးလူငယ်များအနေဖြင့် စာကြည့်တိုက်သို့မလာနိုင်သော်လည်း စာအုပ်မိတ်ဆက်ခြင်းအစီ အစဉ်များ၊ ပုံပြင်ပြောပြခြင်း၊ စက္ကူခေါက်ပြခြင်း၊ ကဗျာရွတ်ပြခြင်းအစီအစဉ်နှင့် အသိပညာပေး Talk Show များ၊ ပြည်သူများသိသင့်သည့် အသိပညာပေးလုပ်ငန်းများ၊ ဒေသဆိုင်ရာသတင်းအချက်အလက်များကို IPRD Thandaung Gyi Page နှင့် သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page များတွင် Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)