မအူပင် ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာအောင်သင်း ၏စာရိတ္တမာနစာအုပ် ဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းBook Club အဖွဲ့ စာဖတ် ဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။ ဆက်လက်ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းBook Club ဥက္ကဋ္ဌဆရာဦးစောမောင်၊ ဒု-ဥက္ကဋ္ဌဆရာစိုးဦးဆောင်၍ အဖွဲ့ဝင်ဆရာဦးဘိုထွေးတို့က စာရေးဆရာအောင်သင်း၏ စာရိတ္တမာနစာအုပ်ပါသိကောင်းစရာများအကြောင်း စာဖတ်ဝိုင်း ကျင်းပရာ တက်ရောက်လာသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ စာပေချစ်သူစာပေဝါသနာရှင်များ တက်ရောက်၍သိရှိလိုသည်များကိုမေးမြန်းကြရာပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် အသိပညာပေး Talk Show များ၊ စာဖတ် ဝိုင်းများ၊ပြပွဲ၊ ပြိုင်ပွဲများ ဆွေးနွေးပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ ဆက်(မအူပင်)