မအူပင်ခရိုင်Community Centreခန်းမ၌ အသိပညာပေး(TalkShow)ပြုလုပ်

မအူပင် ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ၊မအူပင်ခရိုင်၊ မအူပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အတွေ့အကြုံရရှိစေခြင်းခေါင်းစဥ်ဖြင့်အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား​​ရေးမှူးဒေါ်တင်သူဇာလှိုင်ကအသိ ပညာပေးTalk Show ကျင်းပ ပြုလုပ် ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးစောမောင် ကအတွေ့အကြုံရရှိစေခြင်း၏သဘောသဘာဝများ၊ အတွေ့အကြုရရှိစေခြင်းခေါင်းစဥ်ဖြင့် ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်၊ အတွေ့အကြုံရရှိစေခြင်း၏အဆင့်များနှင့်ပတ်သက်သည့် အသိပညာများနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးဖြေကြားဆွေးနွေးခဲ့ ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူ အသိပညာပေး ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ် များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူး ထုတ်လွှင့်ခြင်းအား လူထုအခြေပြု ဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ ဆက်(မအူပင်)