နတ်မောက် စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဈေးသာကျေးရွာ သီးနှံစုံရောင်းဝယ်ရေးနှင့် ကုန်စုံဆိုင် တွင် ကြောင်ပန်းသီးစေ့ဝယ်ယူလျက်ရှိရာ အသီးခူးဆွတ်ရောင်းချနေကြသည့် ကျေးရွာအချို့ မိသားစုစားဝတ်နေ ရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြောင်ပန်းသီးစေ့များကို လယ်၊ယာနံဘေးများတွင် တွေ့ရှိရပြီး ခူးဆွတ် ၍ ရောင်းချရာ ကြောင်ပန်းသီးစေ့ အစိမ်းတစ်ပြည်ကို (၆၀၀) ကျပ်၊ တစ်တင်းလျှင် (၉၆၀၀) နှုန်းရှိပြီး လူတစ်ဦး တစ်နေ့ (၁၅၀၀)၊ (၂၀၀၀) ကျပ်နှုန်းရရှိပြီး ကြောင်ပန်းသီးစေ့ အစိမ်းတစ်တင်းကို အခြောက်လှမ်း ပါက အခြောက်လေးပိဿ ထွက်ရှိသည်။
“ကျွန်တော်ကတော့ ကြောင်ပန်းသီးစေ့ဝယ်ယူသူဖြစ်ပြီး ကြောင်ပန်းသီးစေ့များကို ဒီရွာအနီးအနား ကျေးလက်နေ ပြည်သူများက မိသားစု စားဝတ် နေရေးအတွက် ခူးယူရောင်းချကြပါတယ်။ ခူးယူရောင်းချလာတဲ့ ကြောင်ပန်းသီးစေ့တွေကို ကျွန်တော်တို့က ကျောက်ပန်းတောင်း ပွဲရုံကို တင်ပို့ ရောင်းချပါတယ်” ဟု သီးနှံစုံရောင်းဝယ်ရေးနှင့် ကုန်စုံဆိုင်ပိုင်ရှင် ဦးနိုင်လင်းထူး ပြောကြား ချက်အရ သိရသည်။
လှဝင်း