လောင်းလုံး ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံးတွင် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို မြို့နယ်ရုံးရှိ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ၊ ပင်လုံစာချုပ် အဆင့်ဆင့်ချုပ်ဆိုခဲ့ပုံ၊ ကဗျာ၊ ကာတွန်း၊ မိန့်ခွန်းများ၊ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်(၅)ရပ်၊ လွတ်လပ်ရေးအဆင့်ဆင့် ကြိုးပမ်းခဲ့ပုံများစသော အကြောင်းအရာများ ပါဝင်သည်။
သိန်းသိန်း(လောင်းလုံး)