မြိုင်ကြီးငူအထူးဒေသဈေးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး

လှိုင်းဘွဲ၊ စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဈေးရောင်း ဈေးဝယ်သူများ ရောဂါပိုးကူးစက်ပျံ့ပွားမှု မရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုက်နယ်ဆရာဝန် ဒေါက်တာ သန်းထိုက်အောင်နှင့် ရပ်မိရပ်ဖများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ပြည်သူများလိုက်နာဆောက်ရွက်ရန်၊  နှာခေါင်းစည်းများတပ်ဆင်အသုံးပြုကြရန်၊ ဈေးသည်များ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင် နေထိုင်ရောင်းချရန်၊ ဈေးဝယ်သူများအား ဈေးအဝင်/အထွက်များတွင် လက်များအားသန့်စင်စေခြင်း၊ ဈေးအတွင်းသို့ နှာခေါင်းစည်းများတပ်ဆင်ပြီးမှသာ ဈေးဝယ်ယူစေခြင်းများကို အသိပညာပေးပြောကြားခဲ့ပြီး ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုက်နယ်ဆရာဝန် ဒေါက်တာသန်းထိုက်အောင်နှင့် ကျန်းမာရေး ဆရာမများ၊ ရပ်မိရပ်ဖများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။   

ခင်စန်းမြင့်(ပြန်/ဆက်)