ရွှေဘို မြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ရွှေဘို စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း စက်တင်ဘာလ ၂၀ ရက်နေ့၊ ညနေ ၇ နာရီခန့်က  လေပြင်းများကျ ရောက်ခဲ့မှုကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရသဖြင့် ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ကြည်သူများ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဘိုမြို့နယ် ဥသျှစ်ကန်ကျေးရွာ၊ သီးလုံးကျေးရွာနှင့် ယင်းမာကျေးရွာများ မှလူနေအိမ် ၄ လုံးအမိုးလန်ပျက်စီးခဲ့ဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် ဦးမှူးဒေါ်ချောစုနှင့် ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အိမ်အမိုးများ ပျက်စီးခဲ့သည့် လေဘေးသင့်သည့် အိမ်ထောင်စုများသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အမိုးလန်အိမ်လေးလုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ ၁၅၀၀၀၀ ကျပ်နှင့် အိမ်ထောင်စု လေးစုမှ လူဦးရေ ၁၉ ဦးအတွက် ဆန်ရိက္ခာဖိုးငွေတစ်ဦးလျှင် ၂၁၀၀ နှုန်းဖြင့် ငွေ ၃၉၉၀၀ ကျပ်၊ စုစုပေါင်းငွေကျပ် ၁၈၉၉၀၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 စိုးသီဟ(ရွှေဘို)