ဖောင်းပြင် စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ ယူနစ် (၂၈) ယူနစ်နှင့် အကျိုးပြုကျေးရွာပေါင်း (၃၁) ရွာမှာ အကောင် အထည်ဖော်ဆောင် ရွက်လျက်ရှိရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအွမ်တမ်ဟုန်း နှင့် ဝန်ထမ်းများက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂွေ့ငူ ကျေးရွာမှ အသင်းဝင် (၉၇) ဦးအား မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်စက်ဝန်းအတွက် ငွေကျပ်(၄၄၂) သိန်းကို ကွင်းဆင်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးပေးခဲ့ရာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့်သူ (၄၇) ဦး၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်မည့်သူ (၃၉) ဦး၊ အရောင်းအဝယ် ပြုလုပ်မည့်သူ (၁၀) ဦးနှင့် အသက်မွေးဝမ်းကြောင်း လက်မှုလုပ်ငန်းလုပ်ကိုင် မည့်သူ (၁) ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၄၄၂) သိန်းကို ရန်ပုံငွေများ တိုးပွားလာစေရေးအတွက် ယင်းကျေးရွာမှ မြစိမ်းရောင်စီမံကိန်း ကျေးရွာ ကော်မတီဝင်များနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။
ကိုထွန်း(ဖောင်းပြင်)