ငရုတ်ကောင်း စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့အတွင်းရှိ ဖွင့်လှစ်ရောင်းချနေသော လမ်းဘေးစျေးဆိုင်၊ အိမ်ဆိုင်များ၊ ကုန်ခြောက်ဆိုင်နှင့် စတိုးဆိုင်များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်နံနက်(၆)နာရီမှ မွန်းလွဲ(၂)နာရီ ထိသာ ဖွင့်လှစ်ရောင်းချရန်နှင့် ပုဂ္ဂလိကဆေးဝါးဆိုင်များကို နံနက်(၆)နာရီမှ ည(၈)နာရီအထိသာ ဖွင့်လှစ်ရောင်းချနိုင်ရေး အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ တိုက်နယ်ဆေးရုံမှ ဒေါက်တာ အောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်ထွန်းလင်းထက်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ အဖွဲ့ဝင်များတို့က စျေးဆိုင်များအားလုံးသို့ သတ်မှတ်ချိန်အတိုင်း စနစ်တကျ ဖွင့်လှစ်ရေး လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)