ဝေါမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ဝေါ စက်တင်ဘာ ၂၂

ကိုဗစ် - ၁၉ ကူးစက်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ကျေးလက်နေပြည်သူများ တွေ့ကြုံ ရသော စီးပွားရေး အခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်က ရေးဆွဲ ဆောင်ရွက် လျက်ရှိသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနက ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၇ ရွာ၌ Cash for Work စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၇ ရွာတွင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၇၀၀ ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း(၁၂)ခု၊ ရေရရှိရေးလုပ်ငန်း (၃) ခု ၊ ကျန်းမာ သန့်ရှင်းရေးလုပ်ငန်း (၉) ခု၊ပညာရေးဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်း (၃) ခု နှင့် အခြားလုပ်ငန်း(၁) ခု၊ စုစုပေါင်း လုပ်ငန်းခွဲပေါင်း (၂၈) ခုတို့ကို မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိုအပ်သော နည်းပညာများ ပံ့ပိုး ပေးပြီး ယင်းကျေးရွာ များမှ ဒေသခံပြည်သူများအား ၀င်ရောက်လုပ်ကိုင်စေ၍ လုပ်အားခပေးချေခြင်း စနစ်ဖြင့် ဇူလိုင်လ စတုတ္ထပတ်က စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု စက်တင်ဘာလ တတိယ ပတ်အတွင်း လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ဝေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)