အင်္ဂပူမြို့နယ်၊ ကွင်း‌ကောက်(တောင်) ကျေးရွာအုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စု‌(၈၃၀)စုကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော ထောက်ပံ့ငွေများပေးအပ်

အင်္ဂပူ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်း‌ကောက်(တောင်) ကျေးရွာအုပ်စု အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၈၃၀)စုအား နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)ကျပ် ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အိမ်ထောင်စုများ လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့‌ငွေများကို ကွင်းကောက်(တောင်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နှင့် တာဝန်ရှိသူများက‌ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု(၈၃၀)အတွက် တစ်အိမ်ထောင် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၆,၆၀၀,၀၀၀)ကျပ်အား အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

နိုင်ငံတော်အစိုးရမှ အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ခုနှင့် ကျေးရွာအုပ်စု(၇၁)စုမှ အခြေခံ လူတန်းစား အိမ်ထောင်စု တစ်စုလျှင်‌ ထောက်ပံ့ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂၈၄၇၈)စု အတွက် စုစုပေါင်း‌ငွေကျပ် (၅၆၉,၅၆၀,၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)