ဝက်လက်မြို့နယ်တွင် မိုးစပါး မျိုးစေ့ချ ကိရိယာ (Drum Seeder) စံပြကွက် စိုက်ထူခြင်းနှင့် စပါးစိုက်ခင်းများတွင် ကျရောက်တတ်သော ဖျက်ပိုးများအန္တရာယ် ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်

ဝက်လက် စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာ စခန်းနယ်မြေ အတွင်း မိုးစပါးမျိုးစေ့ထုတ်ကိရိယာ (Drum Seeder) စံပြကွက် စိုက်ထူခြင်းနှင့် စပါးစိုက်ခင်းမျာတွင် ကျရောက်တတ်သော ဖျက်ပိုးများအန္တရာယ် ကာကွယ်ရေးအတွက် ရွှေပန်းကုံးကျေးရွာ၊ တောင်သူ ဦးထွန်းကျော်၏ ကွင်းအမှတ် (၃၂၆၂)၊ ဦးပိုင်အမှတ်  (၂၇/၃)၊ ပေါ်ဆန်းရင်စိုက်ခင် ၊(၆) ဧကတွင် ယမန်နေ့က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းမျာက ကွင်းဆင်း ဆောင်ရွက်သည်။

မိုးစပါး မျိုးစေ့ထုတ်ကိရိယာ (Drum Seeder) စံပြကွက်တွင်၊ စပါးတွင်ကျရောက်တတ်သော ဖျတ်ပိုးများကို ကြိုတင်ကာကွယ်ရန်အတွက် အဝါရောင် ကင်းထောက်ကဒ်ပြားများ (၁) ဧကလျှင် (၅) ကဒ်နှုန်း စိုက်ထူခြင်း၊ ဥကပ်ပါးနဂျီ များကိုလည်း (၁) ဧကလျှင် (၄၀) နှုန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်အေးမာလာနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် (ဝက်လက်)