ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုမရှိစေရန် ဈေးဆိုင်တန်းများ တစ်ဆိုင်ခြားစီ တစ်ရက်နား၊ တစ်ရက်ရောင်းစနစ်ဖြင့် ရောင်းချနိုင်ရေး ကွင်းဆင်ဆောင်ရွက်

ဘားအံ၊ စက်တင်ဘာ  ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုမရှိစေရန် အဖက်ဖက်မှအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လူဝင်လူထွက်များသည့်နေရာများဖြစ်သော ဈေးများမှ ရောဂါကူးဆက်မှု မရှိစေရေးအတွက် ဈေးဆိုင်တန်းများ နီးကပ်စွာရောင်းချမှုမရှိစေရန် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အဆင့်မြင့်စံပြစျေး (ရေပေါ်ဈေး)တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့မှ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်တင်ဘာလ(၂၂)ရက်နေ့မှစတင်ကာ တစ်ဆိုင်ခြားစီ တစ်ရက်နား တစ်ရက်ရောင်းစနစ်များဖြင့် ရောင်းချနိုင်ရေးအတွက် ဘားအံမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်လွင်၊ ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်လင်းထွန်း၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ စျေးဌာနစိတ်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုမရှိစေရေးရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)