ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်

ရှမ်းရွာသစ်၊ စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်မှထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က နိုင်ငံတော်မှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ တာဝန်ကျရာ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းတာဝန်များကို ရုံးဖွင့်ရက်တွင်သာမက (စနေ၊ တနင်္ဂနွေ)ရုံးပိတ်ရက်များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၁.၈.၂၀၂၀) မှ (၃၀.၉.၂၀၂၀) ရက်အတွင်း အစိုးရရုံးပိတ်ရက် (၁၉) ရက်အတွက် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုသောအားဖြင့် နိုင်ငံ တော်မှ ယခုလိုထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ရပ်/ကျေးရွေးကောက်ပွဲကော် မရှင် အတွင်းရေးမှူး (စာရေးဝန်ထမ်း) (၁၃) ဦးတို့အား နိုင်ငံတော်မှ တစ်ရက်လျှင် နေ့တွက်စရိတ် (၄၈၀၀) ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၉၁၂၀၀) စီအား ထောက်ပံ့ပေးအပ်ခဲ့ရာ  တာဝန်ရှိသူများတို့က အသီးသီးလက်ခံရယူခဲ့ကြပြီး စုစုပေါင်းငွေကျပ် (၁၁၈၅၆၀၀) ကို  ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)