အောင်လံမြို့နယ်တွင် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ရုံးပိတ်ရက်များ အတွက် သီးခြားထောက်ပံ့ငွေ ပေးအပ်

အောင်လံ စက်တင်ဘာလ ၂၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲအတွင်း ရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်း များအား ရုံးပိတ်ရက်များအတွက် သီးခြားထောက်ပံ့ငွေပေးအပ်မှုကို ယမန်နေ့နံနက် (၁၁) နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုမှ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးအဖြစ်တာဝန် ပေးအပ်ခြင်းခံ ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်း များအား ၂၀၁၉−၂၀၂၀ခု ဘဏ္ဍာရေးနှစ် (၁−၈−၂၀၂၀) ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အစိုးရရုံးပိတ်ရက် (၁၉) ရက်အတွက် တစ်ဦးလျှင် နေ့တွက်စရိတ် (၄၈၀၀) ကျပ်နှုန်းဖြင့် အောင်လံမြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၁) အုပ်စုမှ စာရေးဝန်ထမ်း (၁၀၀) ဦးအတွက် တစ်ဦးလျှင် (၉၁၂၀၀) ကျပ်ဖြင့် ငွေကျပ်−၉၁၂၀၀၀၀/- (ကျပ်ကိုးဆယ့်တစ်သိန်းနှစ်သောင်းတိတိ) ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းတစ်ဦးခြင်း လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)