ချင်းပြည်နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး ဒီဇင်ဘာ ၂၁

ချင်းပြည်နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က

အမှာစကားပြောကြားရာတွင် နိုင်ငံတော်ရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ လွတ်လပ်ပြီး တရားမျှတတဲ့ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန် လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့အတွက် အထွေထွေရွေးကောက်ပွဲကျင်းပရာမှာ ပြည်သူလူထုမှ မှန်မှန်ကန်ကန်ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးဟာ အလွန်အရေးကြီးကြောင်း၊ မကြာမီကျင်းပပြုလုပ်မည်ဖြစ်သောရွေးကောက်ပွဲအတွက် မှန်ကန်တဲ့မဲစာရင်းရရှိရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်(၃)ဆင့်ဖြစ်သော မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးပြီး ရရှိလာတဲ့စာရင်းကို အခြေခံပြီးဆောင်ရွက်သွားမှာဖြစ်၍ ကွင်းဆင်းဆောင်ရွက်မည့်လုပ်ငန်းအတွက် သင်တန်းပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်စဉ်ကုန်ကျစရိတ်များ လျာထားစီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး၊ စေတနာ့ဝန်ထမ်း၊ လူမှုရေးအသင်းအဖွဲ့များစုဖွဲ့၍ ဆောင်ရွက်သွားကြရမှာဖြစ်ပြီး ကောက်ယူရရှိသည့်အချက်အလက်များအပေါ်လိုအပ်ပါက စိစစ်ဖြေရှင်းနိုင်ရေးအတွက် ပြည်နယ်တွေမှာရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးများနှင့် ကျွမ်းကျင်ဝန်ထမ်းများပါဝင်သည့် Working Group များဖွဲ့စည်းပြီး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းစဉ်သည် အဓိကကျသည့်လုပ်ငန်းစဉ်ဖြစ်သည့်အတွက် မြေပြင်မှာ မှန်မှန်ကန်ကန်စနစ်တကျကောက်ယူနိုင်ရန် သင်တန်းများဖွင့်လှစ် ဆောင်ရွက်သွားဖို့ လိုအပ်သဖြင့် ပြည်နယ်အဆင့်နည်းပြသင်တန်းပို့ချခြင်းဖြစ်ကြောင်း၊ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ယခုပြည်နယ်အဆင့် နည်းပြသင်တန်းကို တက်ရောက်လာသူများဟာ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူကြမည့် Working Group များကို မြေပြင်တွင်လုပ်ငန်းများလက်တွေ့ဆောင်ရွက်နိုင်ဖို့ အဆင့်ဆင့်သင်တန်းပို့ချပေး သွားရမည့်အဓိက တာဝန်ရှိသူများဖြစ်တာကြောင့် ယခုသင်တန်းမှာ သင်ကြားပို့ချမည့်သင်ခန်းစာများကို စိတ်ပါဝင်စားစွာနဲ့ သင်ယူပြီးနိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းစဉ်ကြီး ပြီးမြောက်အောင်မြင်စေရန် ပံ့ပိုးကူညီသွားကြပါလို့ တိုက်တွန်းကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန့်ဇင်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီးနောက် အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါ ချင်းပြည်နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြသင်တန်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နှစ်ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၁၄)ဦး တက်ရောက်မည်ကြောင်း သိရှိရသည်။

ခရိုင် ( ပြန် / ဆက် )