နတ်မောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြ သော ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုချီးမြှင့်

နတ်မောက် စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြိုနယ်တွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/သူများအား  မြို့နယ်ပညာရေးမှူးရုံးတွင် ယမန်နေ့ နေ့လယ်  (၂) နာရီခန့်က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထိုသို့ချီးမြှင့်ရာတွင် နတ်မောက်မြိုနယ်တွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော (၄) ဘာသာ ဂုဏ်ထူးရှင် (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၅) ဦးတို့ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ဒု-မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)