နတ်တလင်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၇၈)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွာသာကုန်းကျေးရွာအုပ်စု၊ ဇီးပင်ကွေ့ကျေးရွာကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲကို ယနေ့နံနက်၈နာရီက ကျင်းပသည်။
အခမ်းအနားတွင် နတ်တလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်နိုင်ထွန်းမှ ကျေးလက်ဒေသများတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် (၇၈)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီးပင်ကွေ့ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၄၃ဒဿမ၉၃၇၅ ဖြင့် Royal Phone Pyae Sone ကုမ္ပဏီကတာဝန်ယူခင်းကျင်းခဲ့ခြင်းဖြစ်ပြီး အကျယ်၁၀ပေ၊အရှည် ၃၃၀၀ပေ၊ ထု၈လက်မရှိကြောင်းနှင့် အိမ်ခြေ၂၇လုံး၊ လူဦးရေ၁၃၈ဦး၊ လယ်ဧက၅၀၀ အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)