ဖလမ်း ဒီဇင်ဘာလ ၂၀
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၂ ခုနှစ်၊ ဆောင်းရာသီ၊ လူထုအားကစား လှုပ်ရှားမှုအထိမ်းအမှတ်ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲဆုပေးပွဲအခမ်း အနားကို ဒီဇင်ဘာလ ၂၀ ရက်၊ ညနေ ၃ နာရီက ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲဗိုလ်လုပွဲတွင် ဂျိုကာအသင်းနှင့် ပလက်စတားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပလက်စတား အသင်းက အနိုင်ရရှိသည်။
ထို့နောက်ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နောက်ထိန်းအကောင်းဆုံးအား ကစားသမားဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးယာယီရဲမှူး မျိုးဝင်းကလည်းကောင်း၊ ပင့်ထောက်အကောင်းဆုံး အားကစားသမားဆုကို ခရိုင်အားက စားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနားကလည်းကောင်း၊ ရိုက်ခုတ် အကောင်းဆုံးအားကစား သမားဆုကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့(၁) ဗိုလ်မှူး ညီညီအောင်ကလည်းကောင်း၊ ပြိုင်ပွဲတစ် လျောက်အကောင်းဆုံး အားကစား သမားဆုကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းမြတ်ထွန်း ကလည်းကောင်းဆုများ အသီးသီးချီးမြှင့်ကြသည်။
ထို့နောက်တတိယဆုရရှိသော အသင်းအားငွေသားဆုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)ဦးရေချမ်းက လည်းကောင်း၊ လည်ဆွဲပြားဆုများကို အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမိုးနိုင် ကလည်းကောင်း၊ ဒုတိယဆုရရှိသောဂျိုကာ အသင်းအားလည်ဆွဲ ပြားနှင့်ငွေသားဆုကို အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ်က လည်းကောင်း၊ ပထမဆုရရှိသော ပလက်စတားအသင်းအား ဆုကလပ်၊ လည်ဆွဲပါးနှင့်ငွေသားဆုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်
ဖလမ်းမြို့