တီးတိန်မြို့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

တီးတိန်  ဒီဇင်ဘာ ၂၁

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် စားသောက်ရေးအထောက် အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူလူထုအား အခြေခံစားသောက်ကုန်ပစ္စည်းများ၊ စတ္ထုအကြမ် ရောင်းချခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ နေ့လယ်၁၁ နာရီထိ စကောလမ်း လမ်းရပ်ကွက်၊ ကမ်းဟောက်ခန်းမ၌ ဈေးနှန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချရာတွင် အနောက်မြောက်ပိုင်းစစ်ဌာနချုပ် ဟားခါးတပ်နယ်မှ အသား၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များ၊ ခြံထွက်ဈေးနှုန်းဖြင့် ရောင်းချခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ ပဲဆီ၊ နေကြာဆီ ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ကြက်ဥ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ချဉ်ပေါင်၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ ရုံးပတီသီး စသည်များကို ဈေးနှန်းသက်သာစွာ ရောင်းချရာပြည်သူများက စိတ်ချမ်းသာစွာ ဝယ်ယူခဲ့ကြကြောင်း သိရသည်။

ထို့သို့  ပြည်သူများကို အခြေခံစားသောက်ကုန်များရောင်းချရာတွင် တီးတိန်ခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ချမ်းငြိမ်းနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊မြို့နယ်စီမံအုပ်ချုပ်ရေး‌ အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိ သူများမှ အနီးကပ်ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ အေးချမ်းပျော်ရွှင်စွာ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

မိုးမိုး