ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၊ စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်ပြီး    စာရေးဆရာချစ်စံဝင်း ရေးသားသည့် အရှုံးပေါ်ကအမြတ် စာအုပ်ပါ  ကြောက်စိတ်ကိုကျော်လွှားခြင်းနှင့် အောင်ပွဲအတွက်ထားရှိရမည့်သဘောထား ဆောင်းပါး များကို  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် စာပေဝါသနာရှင်များက အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေဇာလင်း