မြိုင်မြို့နယ်တွင် နိုင်ငံတော်က တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာလ မိုးစပါး အထူးချေးငွေ ထုတ်ချေးမှု ရာနှုန်းပြည့်ပြီးစီး

မြိုင်  စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် နိုင်ငံတော်က တောင်သူများအား ကိုဗစ်ကာလ အထူးချေး ငွေအဖြစ် ထုတ်ချေးရာ၌ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မန် နေဂျာ ဦးအေးကိုထံမှ သိရသည်။

အဆိုပါ ကိုဗစ်ကာလ အထူးချေးငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ယူ၍ မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၇၉) အုပ်စုမှ တောင်သူဦးရေ (၈၆၉၁) ဦး အတွက် ငွေကျပ် (၂,၉၇၅,၂၅၀,၀၀၀) ကို ဇွန်လမှ စတင်၍ ထုတ်ချေးခဲ့ရာ စက်တင်ဘာ ၂၁ ရက်တွင် ရာနှုန်းပြည့် ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ချေးငွေ(၁၀၀)ကျပ်လျှင် တစ်နှစ်တိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ၂၀၂၁ စက်တင်ဘာလတွင် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

မိုးကြီး(မြိုင်)