ထားဝယ်၊ စက်တင်ဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနက တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ သာသနာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျနှင့် တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့်တာဝန်ရှိသူများက သာသနာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထားဝယ်မြို့၊ မြေတိုက်ကျောင်းတွင် အလှူငွေကျပ်သိန်း(၁၀၀) ၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်တွင် အလှူငွေကျပ်သိန်း (၁၀၀) နှင့် သာသနာ့ရောင်ခြည်ကျောင်းတွင် အလှူငွေကျပ်သိန်း (၂၀၀) တို့ပေးအပ်ရာ ကျောင်းဂေါပကအဖွဲ့ဝင်များက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
၄င်းနောက် သံဃာ့တော်အရှင်သူမြတ်များထံမှ တက်ရောက်လာကြသူများက အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)