ကလိန်အောင် ဒီဇင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ကျောင်းသား၊ ကျောင်းသူများ အအနေဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှူ့ လေ့လာခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပြပွဲတွင် အ-ထ-က ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင် သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှူ့ ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့ (ကလိန်အောင်)